
စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်ဦးစီးမှူးသည် (၂၄.၁၁.၂၀၂၅)ရက်နေ့ နံနက် (၀၈:၄၀)နာရီအချိန်တွင် ဟင်္သာတမြို့၊နတ်မော်ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းမုန့်ဈေးတန်းအား ကျန်းမာရေးအဖွဲ့၊ကျောင်းမုန့်ဈေးတန်းကော်မတီဝင်များနှင့်အတူ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကျောင်းမုန့်ဈေးတန်းများရှိ ရောင်းချနေသောမုန့်များတွင် ကုန်အညွှန်းအမှတ်အသား ပြည်စုံမှုရှိမရှိ ကွင်းဆင်းစိစစ်ခဲ့ပြီး၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံသော မုန့်များကိုသာရောင်းချရန်၊ သက်ဆိုင်ရာဌာနများမှထုတ်ပြန်ထားသော တားမြစ်မုန့်များ၊ အစား အသောက်များ၊ သက်တမ်းလွန်အစားအစာများရောင်းချမှုမရှိစေရေး၊ မြန်မာနိုင်ငံစားသုံးသူကာကွယ် ရေးကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသောညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့်အညီ မြန်မာဘာသာဖြင့် ပြည်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာရောင်းချရန်စသည်တို့ကို မုန့်ဈေးတန်းရောင်းချသူများအား အသိပညာပေး မှာကြားခဲ့ကြောင်း သိရှိရပါသည်။
(DOCA ဧရာဝတီ)
