
ပြည်တွင်းဈေးကွက်၌ ဆန်ဈေးနှုန်းတည်ငြိမ်မှုရှိစေရေး၊ ပြည်ပသို့ဆန်တင်ပို့မှုကို စနစ်တကျဆောင်ရွက်နိုင်ရေး၊ ဒေသထွက် လယ်ယာထွက်ကုန်များကို ပြည်ပတင်ပို့နိုင်ရန် တန်ဖိုးမြင့်ထုတ်ကုန် ထုတ်လုပ်နိုင်ရေး၊ လစ် ပို့ကုန်နှစ်ဆ တင်ပို့သည့်လုပ်ငန်းစဉ်အခြေအနေများကို ဆွေးနွေးခြင်း၊ ဆန်စပါးသိုလှောင်မှုများ စနစ်ကျနမှုရှိစေရေးအတွက် ညောင်တုန်းမြို့နယ်ရှိ Aung Naing Thitsar Co.,Ltd Myanmar Broken Rice B 1,2 (Sortexed) 2080MT ကို ၂၆ .၁၁.၂၀၂၅ရက်နေ့ နံနက် (၁၀း၀၀ )နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် MITSအဖွဲ့ တို့ပူးပေါင်း၍ ပါဝင်ဆောင်ရွက်ခဲ့ကြပြီး ဦးအောင်လွင်မြို့နယ်ဦးစီးမှူးက သိူလှောင်ရုံတာဝန်ခံနှင့် တွေ့ဆုံ၍ သိုလှောင်ရုံ စပါး/ဆန် သိုလှောင်ထားရှိမှုကို ကြည့်ရှုစစ်ဆေးဆောင်ရွက်ခဲ့ပြီး သိုလှောင်ရုံများ၊ ပြည်ပတင်ပို့သည့်ကုမ္ပဏီများ၊ ဆန်စက်လုပ်ငန်းများ၊ ဆန်လက်လီ/လက်ကားအရောင်းဆိုင်များက မှတ်ပုံတင်ခြင်းကို ကဏ္ဍအလိုက်ရှင်းလင်းပြီး ဆန်၊ စပါးသိုလှောင်မှု ရ၊ထုတ်၊ကျန် စာရင်းများကို ပုံမှန်စာရင်းဖြ်သွင်းမှုအခြေအနေများကို စစ်ဆေးဆောင်ခဲ့ပြီး သိုလှောင်ရုံမှဆန်များ ပြည်ပသို့ အရည်အသွေးမှီတင်ပို့နိုင်ရေး ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)
