
ညောင်တုန်းမြို့နယ် အမှတ် ၃ရပ်ကွက်ရှိ ပြည်ကျော် မြေပဲဆီစက်လုပ်ငန်းသို့ ညောင်တုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဌာနတို့နှင့်အတူ ဈေးကွက်မရောက်မှီ ကုန်စည်များ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးနှင့် လုပ်ငန်းဖွံ့ဖြိုးတိုးတက်မှု ရှိစေရေးတို့အတွက် ၂၅.၁၁.၂၀၂၅ ရက်နေ့ နံနက် (၁၁း၀၀)နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနက ဦးအောင်လွင်က ဈေးကွက်မရောက်မှီကုန်စည်များ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ပညာပေးဆောင်ရွက်ခြင်း၊ မြေပဲဆိကြိတ်ခွဲထုတ်လုပ်မှု လုပ်ငန်းအဆင့်ဆင့်ကို မေးမြန်းခြင်း၊ ကုန်ကြမ်းရရှိမှုအခြေအနေများ၊ ဆီကြိတ်ခွဲထွက်ရှိပါက ဆီရောင်းချသည့် ဈေးနှုန်းဈေးကွက်အခြေအနေများ ဆီစက်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဆွေးနွေးခြင်း အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ ပုဂ္ဂလိကစက်မှုလုပ်ငန်းများအား တည်ဆဲဥပဒေများနှင့် အညီမှတ်ပုံတင်ခြင်းကြီးကြပ်စစ်ဆေးခြင်း၊ ဘွိုင်လာနှင့် လျှပ်စစ်သုံးလုပ်ငန်းများ ဘေးကင်းစွာဆောင်ရွက်နိုင်ရေး၊ စက်မှုလုပ်ငန်းများကြောင့် ပတ်ဝန်းကျင် ထိခိုက်မှု ရှိ/မရှိ စစ်ဆေးခြင်း စသည် လုပ်ငန်းများ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)
