Main menu

ကျောင်းမုန့်ဈေးတန်းကြီးကြပ်သူများနှင့် မုန့်ရောင်းချသူ လုပ်ငန်းရှင်တို့အား ကုန်အညွှန်းအမှတ်အသား အသိပညာပေးဟောပြော

Powered by Drupal

       ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြိုနယ် မဲဇလီကျေးရွာအုပ်စု၊ ရွှေသောင်စုကျေးရွာ အထက ကျောင်းခွဲ၊ ကျောင်းမုန်ဈေးတန်းတွင် မုန့်ဈေးရောင်းချမည့် ဆိုင်ရှင်(၁၂)ဦးနှင့် ကျောင်းမုန့်ဈေး တန်းကြီးကြပ်မည့် ဆရာမ ()ဦးတိုအား (၂၆.၁၁.၂၀၂၅)ရက်နေ့ နံနက် (၀၉း၃၀)နာရီအချိန်က အ.ထ.ကခွဲ ကျောင်းစာရေးခန်းမတွင် မုန့်ဈေးတန်းတွင် ရောင်းချသောမုန့်များတွင် ကုန်အညွှန်းအမှတ်အသားပြည်စုံစွာ ပါဝင်သောသည့်မုန်များနှင့် သန့်ရှင်းလတ်ဆပ်သည့် အစားအသောက်များရောင်းချနိုင်ရေးကို မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက အသိပညာပေး ဟောပြောခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့သည်။

          ဟောပြောဆွေးနွေးရာတွင် ဦးအောင်လွင် ဦးစီးအရာရှိက ကျောင်းဈေးတွင်ရောင်းချနေသောမုန့်များတွင် စားသုံးသူကာကွယ်ရေးဥပဒေတွင် ဖော်ပြပါဝင်သည့် လုံခြုံစိတ်ချမှုအစ ကုန်အညွှန်းအမှတ်အသားက ဆိုသည့်အတိုင်း ကုန်စည်များတွင် မြန်မာ့စားသုံးသူပြည်သူများ အလွယ်တကူနားလည်စေရန်အတွက် ပုဒ်မ(၄၃)တွင် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓာတ်မတည့်ကြောင်း ဖော်ပြချက်နှင့် ကြိုတင်သတိပေးချက် စသည့်အချက်များ၊ မုန့်များတွင် ထုတ်လုပ်သည့် လိပ်စာ၊ လုပ်ငန်းတည်နေရာများ၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးရက်စွဲများ၊ သက်ဆိုင်ရာက ဖော်ပြရန်သတ်မှတ်ထားသော အချက်အလက်များ ပါဝင်ရမည်ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသော ညွှန်းကြားချက်အမှတ် (၂/၂၀၁၉) နှင့် အညီ မြန်မာဘာသာဖြင့် ပြည်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာ ရောင်းချကြရန်ဖြစ်ကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသောညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊  ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများစိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေးပြည့်မီ သော ကုန်စည်များကိုသာရောင်းချရန်၊ စားသုံးသူဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ တားမြစ်ချက်များအကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း စသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)