Main menu

ဆန်ဈေးနှုန်း ကြီးမြင့်မှု မရှိစေရေး အဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေး

Powered by Drupal

     (၂၄.၁၁.၂၀၂၅)ရက်နေ့ ၊နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ  ဦးအောင်လွင်နှင့်ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ ဈေးနှုန်းတည်ငြိမ်ကျဆင်းရေး အဖွဲ့စုံ တို့နှင့်ပူးပေါင်း၍ ညောင်တုန်းမြို့နယ် ၁၂ရပ်ကွက် ရှိရာ ရပ်ကွက်အသီးသီးမှ ဆန်ဆိုင်(၁၅) ဆန်အရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါ သည်။

       ထိုသို့ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေးအဖွဲ့မှ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဦးအောင်လွင်ဦးစီးအရာရှိသည် ဆန်ဆိုင်လုပ်ငန်းရှင် များကို မြို့နယ်အတွင်း   ဆန်များပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းများတည်ငြိမ်စေရေး၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများ မပြုလုပ်ရန်၊ ဆန်များကိုဈေးနှုန်းအဆမတန်ရောင်းချမှု မရှိစေရေးနှင့် ဆန်အသစ်များပေါ်ပေါက်လာ၍ သတ်မှတ်ရည်ညွှန်းဈေးလစဉ် ဖော်ပြချက်အပေါ် သယ်ယူခ အပါဝင်အမြတ် ၂ရာခိုင်နှုန်းဖြင့်သာ  ရောင်းချရန်၊ ပိုမိုမြှင့်တင်‌ရောင်းချခြင်းကို စိစစ်တွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမှာဖြစ် ကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)