Main menu

မြန်အောင်ခရိုင် ကြံခင်းမြို့နယ်အတွင်း ဆီဖူလုံရေးနှင့် နေကြာလျာထားချက်ပြည့်မီရေး ဆောင်းနေကြာများစိုက်ပျိုးလျက်ရှိ

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင် ကြံခင်းမြို့နယ်အတွင်းဆီဖူလုံရေးနှင့်နေကြာလျာထား ချက်ပြည့်မီရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ မြို့နယ်စိုက်တိုးမြှင့်အဖွဲ့ဝင်များနှင့် တောင်သူ များပူးပေါင်း၍ (၂၄.၁၁.၂၀၂၅)ရက်နေ့ နံနက်ပိုင်းတွင် ကြံခင်းမြို့နယ် မြို့မရပ်ကွက်၊ တောင်သူ ဦးထွန်းလင်း၏ မြေနုကျွန်းကိုင်းမြေ ကွင်းအမှတ်(၁၈၉၆/က)(၁) ဧက နှင့် ကဇင်းကြီးအုပ်စု၊ သမ္မရာအင်းကျေးရွာ၊တောင်သူ ဦးအောင်ကျော် မင်း၏ လယ်မြေ ၁ ဧက၊ ကွင်းအမှတ် ၃၈၊ ဦးပိုင် ၅၂ တို့တွင်  Supersun 41 ဆောင်းနေကြာမျိုးအား စုပေါင်းစိုက်ပျိုးခဲ့ပြီး၊ ကြံခင်းမြို့နယ်၊ ဘက်ရဲ-ကိုးအင်း တံတားဝဲ/ယာ(သီးသန့်)စုစုပေါင်း(၃)ဧက ဆင်းရွှေကြာ - ၂ နေကြာမျိုး ဖြင့် စုပေါင်းစိုက်ပျိုးခြင်းအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ  ဥက္ကဌနှင့် မြို့နယ်စိုက်တိုးမြှင့်အဖွဲ့တို့ ကြီးကြပ်စိုက်ပျိုးခဲ့ ကြောင်း သတင်းရရှိပါသည်။

(DOCA ဧရာဝတီ)