Main menu

စားသုံးသူကာကွယ်ရေးပြည်သူအသိပညာပေး Talk Show ပြုလုပ်

Powered by Drupal

      ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူ ရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ(၂၁)ရက်နေ့၊ နေ့လယ် (၂:၀၀) နာရီ အချိန်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ စားသုံးသူကာကွယ်ရေး ပြည်သူအသိပညာပေး Talk Show အစီအစဉ် ပြုလုပ်ခဲ့ပါသည်။

          အဆိုပါ အစီအစဉ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှ စားသုံး သူအသိပညာပေး Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အားရှင်းလင်းပြောကြားပြီး စားသုံးသူ ရေးရာဦးစီးဌာနမှ ဒုခရိုင်ဦးစီးမှူး ဦးစိုးမင်းထိုက်မှ စားသုံးသူကာကွယ်ရေးဥပဒေပါ ပုဒ်မ၂၂အရ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းဆိုင်ရာ သိကောင်းစရာခေါင်းစဉ်ဖြင့် စားသုံးသူ ကာကွယ်ရေးဥပဒေပါပုဒ်မ၂၃၊ပုဒ်မ၂၄ပါ အာမခံချက်ပေးမှုသိကောင်းစရာများကို  ရှင်းလင်းဆွေးနွေး ခဲ့ကြောင်း သိရှိရပါသည်။

(Doca ဧရာဝတီ)