Main menu

လှိုင်သာယာမြို့နယ်ရှိ ဆန်စက်များအား MyRo တွင် ဆန်စပါးလက်ကျန်ဖြည့်တင်းနိုင်ရေး မြေပြင်ကွင်းဆင်းစစ်ဆေး

Powered by Drupal

     (၂၇.၁၁.၂၀၂၅)ရက်နေ့ နေ့လယ်(၁၄:၃၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး၊ ဦးလှစိုးနှင့်ဝန်ထမ်းများသည် လှိုင်သာယာမြို့နယ်ရှိ ဆန်စက်များသို့သွားရောက်၍ MyRo တွင် ကုန်ရ/ကုန်ထုတ်/ကုန်လက်ကျန်စာရင်းများ လစဉ်ထည့်သွင်းနိုင်ရေးနှင့် ဆန်စပါးလက်ကျန်အခြေအနေများအား ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်ဦးစီးမှူး၊ ဦးလှစိုးက မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် မြန်မာဆန်စပါးအွန်လိုင်း(MyRo)တွင် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ(၃၀) ရက်နေ့မှစတင်၍ ဆန်တန်ချိန် ၂၅ နှင့် အထက် သိုလှောင်ရုံ(သို့မဟုတ်) စပါးတင်း ၂၅၀၀ နှင့် အထက် သိုလှောင်မှုများအား မှတ်ပုံတင်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ MyRo တွင် မှတ်ပုံတင်ထားသည့်သတ်မှတ် ပမာဏထက်ပိုမိုသိုလှောင်ခွင့်မရှိကြောင်း၊ မှတ်ပုံတင်ထားပြီးသည့်   ဆန်စပါးသိုလှောင်ရုံ လုပ်ငန်းရှင်များအနေဖြင့်  ကုန်ရ၊ ကုန်ထုတ်၊  ကုန်လက်ကျန်စာရင်းများအား လစဉ် လဆန်း ၁ ရက်နေ့ မှ  ၇ ရက်နေ့အတွင်း Update ဖြည့်သွင်းနိုင်ရေးနှင့် မှတ်ပုံတင်သက်တမ်း တစ်နှစ်ပြည့်မြောက်ပြီးပါက သက်တမ်းတိုးနိုင် ရေးဆွေးနွေးခဲ့ပြီး၊ ဆန်စပါးလက်ကျန် အခြေအနေများအား စာရင်းကောက်ယူစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း  သိရှိရပါသည်။

DOCA (ရန်ကုန်)