Main menu

အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

Powered by Drupal

           စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ပြည်သူ့ရင်ပြင်တွင် MSME ဈေးရောင်းပွဲတော်အား ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့မှ ဒီဇင်ဘာလ ၂ ရက်နေ့အထိ (၅)ရက်ကြာ ကျင်းပသွားမည်ဖြစ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဆောင်၍ (၁၉.၁၁.၂၀၂၅)ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးခန်းမ (၁) တွင် အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ လုပ်ငန်းညှိနှိုင်းအစည်း ကျင်းပခဲ့ပါသည်။

        အစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က ယခုအစည်းအဝေးသည် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်ကို  (၁၀၀)ကျော်က ဆိုင်ခန်းများဖွင့်လှစ်၍ ရောင်းချပေးသွားမည်ဖြစ်ကြောင်းနှင့် နာမည်ကြီးအဆိုတော် (၅)ဦးဖြင့် ဖျော်ဖြေသွားမည်ဖြစ်ရာ စားသုံးသူရေးရာဦးစီး ဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးမှ MSME လုပ်ငန်းရှင် (၆) ဦးနှင့်ချိတ်ဆက်၍ ဒေသတစ်ခုထုတ်ကုန် တစ်ခုဖြစ်သော ဒေသထွက် ရွှေဘိုပေါ်ဆန်း၊ အရာတော်သနပ်ခါး၊ ဟုမ္မလင်းလက်ဖက်၊ ကလေးနေကြာဆီ၊ ချင်းရိုးရာနှင့်တမူးဒေသထွက် ကုန်ပစ္စည်းများအပါအဝင် ပြခန်း(၆)ခန်းတာဝန်ယူ၍ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)