Main menu

စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ

Powered by Drupal

    ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၁၇) ရက်နေ့တွင် ရွှေတောင်မြို့ သရက်တောရပ်ကွက်၊ (အ.မ.က) မင်းတဲကျောင်းသို့ သွားရောက်၍ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲပြု လုပ်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့်မှ လူငယ်ရေးရာ အသိပညာပေးဟောပြောခြင်း၊ ပုံပြင်ပြောခြင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ဦးစီးမှူး ဒေါ်ယဉ်ယဉ်ဆင့်မှ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား (၈)ချက်အား ရှင်းလင်းဆွေးနွေးခြင်း၊ စားသုံးသူအခွင့်အရေးများ အကြောင်း၊ လုပ်ငန်းရှင်၏တာဝန်များအကြောင်း ရှင်းလင်းဆွေးနွေးခြင်း၊ စားသုံးသူနစ်နာ ဆုံးရှုံးမှု ဖြစ်ပေါ်လာပါက စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်ကြောင်း တိုင်ကြား ရန် နည်းလမ်းများအကြောင်းနှင့် Call Center “1535” သို့လည်း တိုင်ကြားနိုင်ကြောင်း အသိပညာပေး ဆွေးနွေးကျင်းပခဲ့ရာ ဆရာ/ ဆရာမ၊ ကျောင်းသား/သူ (၆၇) ဦး တက်ရောက်ကြောင်း သိရပါသည်။

DOCA(ပဲခူး)