
ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်တွင်ခရိုင်အုပ်ချုပ်ရေးမှူးဦးဆောင်၍ ၂၀၂၅ခုနှစ်၊နိုဝင်ဘာ လ (၂၄)ရက်နေ့ ညနေ့(၄:၀၀)နာရီအချိန် ခရိုင်ဆန်/စပါး လုပ်ငန်းကြီးကြပ်ရေးအဖွဲ့ အစည်းအဝေး အား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီရုံး၌ ပြုလုပ်ကျင်းပခဲ့ပါသည်။
အဆိုပါ အစည်းအဝေးတွင် ခရိုင်ဦးစီးမှူးဦးထွေးသိမ်းက မြို့နယ်အလိုက် ဆန်/စပါးဝယ်ယူ၊ သိုလှောင်၊ ကြိတ်ခွဲ ရောင်းချသည့်လုပ်ငန်းများ မှန်ကန်မြန်ဆန်စွာ ဆောင်ရွက်နိုင်ရေး၊ မလိုလားအပ် သောအဟန့်အတားများကြန်ကြာမှုများ မဖြစ်ပေါ်စေရေးနှင့် မိုးစပါးလှိုင်လှိုင်ပေါ်ထွက်လာမည်ဖြစ် ပြီး ကုန်သည်များအနေဖြင့် ဈေးကစားရန်ရည်ရွယ်၍ ဝယ်ယူသိုလှောင်မှု မရှိစေရေး၊ ဆန်စပါးဈေး နှုန်းကြီးမြှင့်မှုမရှိစေရေးနှင့် စားသုံးသူပြည်သူများအနေဖြင့် သင့်တင့်မျှတသော ဈေးနှုန်းဖြင့် ဝယ်ယူ စားသောက်နိုင်ရေးတို့အား အဆိုပါအစည်းအဝေးတွင်ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)
