Main menu

ကျိုက်လတ်မြို့နယ်ရှိ “ဖွံ့ဖြိုးအောင်”စက်သုံးဆီ အရောင်းဆိုင်အား ကွင်းဆင်းစိစစ်ခြင်း

Powered by Drupal

    ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် (၂၄.၁၁.၂၀၂၅) နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် မီးသတ်ဦးစီးဌာန၊ စုံစမ်းစစ်ဆေးရေးဦးစီးဌာန (စ.စ.စ) ၊ ကျေးရွာအုပ်ချုပ်ရေးမှူး ပါဝင်သော  အဖွဲ့ဖြင့် တပေတမော့ ကျေးရွာရှိ ဒေါ်ဖြူဖြူလွင် ပိုင်ဆိုင်သော “ဖွံ့ဖြိုးအောင်” စက်သုံးဆီ ဆိုင်သို့ ဝင်ရောက်စစ်ဆေးခဲ့ပါသည်။

          စက်သုံးဆီဆိုင်များအနေဖြင့် အဝင်ဆီ(PO) ရရှိမှု၊ မှန်ကန်မှုရှိ/မရှိ ၊ ရည်ညွှန်းဈေး ဆိုင်းဘုတ်တင် ရောင်းချခြင်း ရှိ/မရှိ ၊ အလေးချိန် အချိန်အတွယ် မှန်ကန်မှုရှိ/မရှိ ၊ ဆီကန်များတွင် လက်ကျန်အခြေအနေတို့ကို စစ်ဆေးတိုင်းတာခြင်း၊ မသမာသော နည်းလမ်းများဖြင့် ဆီရောင်းဝယ် ပြုလုပ်ခြင်းများ မရှိစေရေး၊ ဆီပြတ်လပ်မှု မရှိစေရေးတို့ကို အလေးထား လိုက်နာဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)