
ဘိုကလေးမြို့နယ်၊စားသုံးသူရေးရာဦးစီးဌာန၊မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ(၂၂) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် (၁၀)ရပ်ကွက်၊စက်စုလမ်းရှိ ဧရာတမာ သောက်ရေသန့်စက်ရုံသို့ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး နှင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးရေးအတွက် ကွင်းဆင်းစိစစ်ဆောင်ရွက်ခဲ့ကြပါသည်။
ထိုသို့ကွင်းဆင်းစိစစ်ရာတွင် ဧရာတမာသောက်ရေသန့်စက်ရုံမှ တစ်နေ့ထုတ်လုပ် အနေဖြင့် (၆)ဘူးပါ ၁လီတာ အကဒ်ရေ (၁၂၀) ကဒ် ထုတ်လုပ်၍ ဒေသအတွင်း ဖြန့်ဖြူးရောင်းချပေးလျက် ရှိပါ သည်။ ဈေးနှုန်းဈေးကွက် အနေဖြင့် (၆) ဘူးပါ ၁လီတာ တစ်ကဒ် လျှင် (၂၅၀၀) ကျပ်ဖြင့် လက်ကားရောင်းချပေးလျက်ရှိပြီး လုပ်သားဦးရေ (၂)ဦး ခန့်ထားပါသည်။
ထို့နောက် မြို့နယ်တာဝန်ခံမှလည်း ထုတ်လုပ်သောကုန်စည်နှင့် ပက်သက်၍ စားသုံးသူများ လုံခြုံစိတ်ချရမှုရှိစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး တို့အတွက်ကုန်အညွှန်းအမှတ် အသား ပြည့်စုံစွာထည့်သွင်းဖော်ပြရန်နှင့် စက်ရုံမှထွက်ရှိသော စွန့်ပစ်ပစ္စည်းများ စနစ်တကျ စွန့်ပစ် ရန် အသိပညာပေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိ ပါသည်။
(Doca ဧရာဝတီ)
