
ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊နိုဝင်ဘာလ (၂၀) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီ အချိန်တွင် မြို့မ (၅) ရပ်ကွက်ရှိ ကုန်မျိုးစုံ ဆိုင်တွင် ရောင်းချနေသော စားသုံးဆီ(ဘူးသွင်းဆီ) များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှု ရှိ/မရှိ ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။
ထိုသို့ကွင်းဆင်းစိစစ်ရာတွင် ရောင်းချနေသော Lotus ၊ Meizan ၊ Duck အမှတ်တံဆိပ်ပါ (ဘူးဆီ) များတွင် ကုန်အညွှန်းအမှတ်အသားများကို မြန်မာဘာသာဖြင့် ဖော်ပြထားရှိမှု အခြေအန၊ အလေးချိန်ကို ပိဿာ (ကျပ်သား) ဖြင့် ဖော်ပြထားရှိမှု အခြေအနေ၊ ထုတ်လုပ်သည့် ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့် ရက်စွဲ၊ သက်ဆိုင်ရာ ဌာနများ၏ ထောက်ခံချက်ပြည့်စုံစွာ ပါဝင်မှု ရှိ/မရှိတို့ကို စစ်ဆေးခဲ့ရာ သတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် အရေးယူ ဆောင်ရွက်မှု မရှိပါကြောင်း ကွင်းဆင်းခဲ့မှုအရ သတင်းရရှိပါသည်။
(Doca ဧရာဝတီ)
