
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် တာ၀န်ခံနှင့်၀န်ထမ်းတို့သည် ဒေးဒရဲမြို့နယ် ဘုရားကလေးကွင်းကျေးရွာရှိ"ဆန်းလှဝေ" ဆန်စက် သို့ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးနှင့် MSMEလုပ်ငန်းဖွံ့ဖြိုးရေးကွင်း ဆင်းလေ့လာ စိစစ်ခြင်းကို (၂၄.၁၁.၂၀၂၅)ရက်နေ့တွင်ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ဆန်းလှဝေဆန်စက်ပိုင်ရှင်နှင့်တွေ့ဆုံ၍ ဆန်စက်ကြိတ်ခွဲထုတ်လုပ်မှုအဆင့်ဆင့်အကြောင်းနှင့်ထွက်ရှိလာသောဆန်များကိုရန်ကုန်ဈေးကွက်သို့တင်ပို့ခြင်း၊ ဆန်/ စပါးဈေးနှုန်းဈေးကွက်အခြေအနေများ၊ ဆန်စက်မှထွက်ရှိလာသောဆန်များကို ရန်ကုန်ဘုရင့်နောင် ဈေးကွက်မှသည် အရည်အသွေးမြင့်ကုန်စည်အဖြစ် တိုးတက်ထုတ်လုပ်၍ ပြည်ပပို့ကုန်အထိ တိုးမြှင့်ဆောင်ရွက်နိုင်ရန် နည်းလမ်းကောင်းများကို ဆွေးနွေးပြီးလုပ်ငန်းရှင်တို့ ၏ကုန်စည်အပေါ်အာမခံချက်ပေးနိုင်ခြင်းနှင့် စပ်လျဉ်း၍ ဆွေးနွေးခြင်း၊ လုပ်ငန်းရှင်လိုက်နာရမည့် တာဝန်၊ တားမြစ်ချက်များ၊ ပြစ်မှုနှင့် ပြစ်ဒဏ်များအကြောင်းများကို အပြန်အလှန်ရှင်းလင်း ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
(Doca ဧရာဝတီ)
