Main menu

‘ထူးသစ်”ဆန်စက်သို့MSME လုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးနှင့်ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

     ဖျာပုံခရိုင်၊  ဒေးဒရဲမြို့နယ် စားသုံးသူ‌ရေးရာဦးစီးဌာနမှ  မြို့နယ်တာ၀န်ခံနှင့်နှင့် ဝန်ထမ်း တို့ သည် (၂၄.၁၁.၂၀၂၅) နေ့၊ နေ့လယ် (၁၂:၀၀)အချိန်တွင် ဒေးဒရဲမြို့နယ်ဘုရားက‌လေးကွင်း ကျေးရွာ သို့ သွားရောက်၍   ထူးသစ်ဆန်စက်တွင်ဆန်စပါး ဝယ်ယူကြိတ်ခွဲမှု၊ စပါးဆန်ဈေးကွက် အခြေအနေ များ၊  သိုလှောင်ရုံမှတ်ပုံတင်ထားရှိမှု ရှိ/မရှိ၊  MSME လုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေးကို     ကွင်းဆင်း လေ့လာဆောင်ရွက်ခဲ့ပါသည်။
       အဆိုပါ ဆောင်ရွက်ခြင်းကို မြို့နယ်စာသုံးသူရေးရာဦးစီးဌာနမှ ဆန်ထွက်ပစ္စည်းများ ဈေးကွက် အတွင်း ဖြန်ဖြူးရောင်းချရာတွင် ထုတ်ကုန် လုံခြုံစိတ်ချမှုရှိစေရေး အသိပညာပေးခြင်းနှင့် စပါး/ဆန် သိုလှောင်ရုံမှတ်ပုံတင် ထားရှိမှုကိုစစ်ဆေးခြင်း၊ သက်တမ်းတိုးရန်ရှိပါက သက်တမ်းတိုး ဆောင်ရွက် ရန် ကိုလည်းကောင်း၊ ဆန်စက်တွင် ဆန်လက်ကျန်၊ ဆန်သိုလှောင်ထားရှိမှုအခြေအနေ၊ ဆန်တင်ပို့မှု အခြေအနေများ၊  ရန်ကုန်ဆန်တင်ပို့မှုအခြေအနေများကို   စစ်ဆေးခဲ့ပြီး     ဆန်စက် လုပ်ငန်း ဖွံ့ဖြိုး တိုးတက်စေရေအတွက် ဆန်စက်လုပ်ငန်းရှင်များနှင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။

(Doca ဧရာဝတီ)