Main menu

ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်တွင် အုန်းသီးအခြောက်ဈေးနှုန်းများ ကျဆင်းလျက်ရှိ

Powered by Drupal

      ဧရာဝတီတိုင်ဒေသကြီးသည် မြစ်ဝကျွန်းပေါ်ဒေသဖြစ်ပြီး မြေဆီမြေဩဇာကောင်းမွန်ကာ စိုက်ပျိုးရေးဖြစ်ထွန်းသော ဒေသဖြစ်ပါသည်။ မြစ်ဝကျွန်းပေါ်ဒေသဖြစ်သောကြောင့် နှစ်ရှည်သီးပင်တစ်ခုဖြစ်သော အုန်းသီးကို ဒေသတွင်းတစ်နိုင်တစ်ပိုင်စိုက်ပျိုးသူများရှိပြီး ပုသိမ်မြို့နယ်တွင် အုန်းသီး အခြောက်ပွဲရုံများကိုလည်း တွေ့ရှိရပါသည်။

          နိုဝင်ဘာလ တတိယပတ်တွင် အုန်းသီးအခြောက်ဈေးနှုူန်းများ ကျဆင်းလျက်ရှိပြီး အုန်းသီး တစ်လုံးလျှင် (၁၈၀၀) ကျပ်၊ (၂၀၀၀) ကျပ် ဖြစ်ပြီး နိုဝင်ဘာလ ပထမအပတ်ဈေးနှုန်းနှင့် နှိုင်းယှဉ်လျှင် အနည်းငယ်ကျဆင်းသွားကြောင်းနှင့် အုန်းသီးအခြောက်များကို အများအားဖြင့် ရန်ကုန်သို့တင်ပို့ ရောင်းချလျက်ရှိပြီး တစ်ခါတစ်ရံ အထက်မြန်မာပြည် မန္တလေးသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ထို့ပြင် အုန်းသီးအခြောက်မှ ထွက်ရှိသော အုန်းခွံများကို ဒေသတွင်း တစ်နိုင်တစ်ပိုင် လုပ်ကိုင်ကြသော အုန်းဆံကျစ်သော နေရာများသို့ ပြန်လည်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

       (DOCA) ဧရာဝတီ