
စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ( ၂၁.၁၁.၂၀၂၅ )ရက်နေ့၊ နေ့လယ် (၂)နာရီအချိန်တွင် ညောင်တုန်းမြို့ ပဲလုပ်ငန်းရှင်များအသင်း အဖွဲ့ဝင်များနှင့် တွေ့ဆုံ ၍ အသင်း၏လက်ရှိ ဆောင်ရွက်နေမှုများနှင့် ပဲစိုက်ပျိုးထွက်ရှိမှု ဈေးနှုန်းဈေးကွက် အခြေအနေများအာ အသင်းရုံးအဖွဲ့ဝင်များ ၉ရပ်ကွက် နေအိမ်တွင် ဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ကွင်းဆင်းဆွေးနွေးရာ ညောင်တုန်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန ဒေါ်ချိုမီဇင် ဒု-ဦးစီးမှူးက မြို့နယ် ဒေသတွင်း ၂၀၂၅-၂၀၂၆ခုနှစ် ပဲစိုက်ပျိုးပြီးစီးမှု အခြေအနေနှင့် ထွက်ရှိလာသော ပဲများကို ရောင်းဝယ်နေမှုမှ ရန်ကုန်တင်ပို့မှုအခြေအနေများ၊ ပဲပြည်ပတင်ပို့ရာတွင် အရည်အသွေးပြည့်မီသော ပဲမျိုးစုံ စိုက်ပျိုးထွက်ရှိနိုင်ရေးကို ဆွေးနွေးခြင်း၊ ပဲပေါ်ရာသီတွင် ပဲဈေးနှုန်း ခိုင်မာလာစေရေးတို့ကို ဆွေးနွေးခြင်း ပဲစိုက်ပျိုးထုတ်လုပ်မှု အခြေအနေများ ဧကကုန်ကျစရိတ်သက်သာရေး၊ ပဲအထွက်တိုးရေး၊ဈေးနှုန်းဈေးကွက် ကောင်းမွန်ရေး၊ တောင်သူများအကျိုးဖြစ်ထွန်းရေး၊ အသင်းအဖွဲ့များ ရှင်သန်လည်ပတ် ဆောင်ရွက်မှု အားအောင်မှု လုပ်ငန်းဖွဲ့ဖြိုးတိုးတက်စေရေးအကြောင်းများကို ဆွေးနွေးခဲ့ကြပြီး သက်ဆိုင်ရာဌာနဆိုင်ရာများမှ စိုက်ပျိုးမှုနည်းပညာများကို လိုက်နာဆောင်ရွက်ပြီး မျိုးကောင်းမျိုး သန့်ရရှိရေး၊ အထွက်နှုန်းကောင်းစေရေး၊ ဈေးကွက်ဖော်ဆောင်ရေး လုပ်ငန်းများအား၊ ပဲများထွက်ရှိလာပါက စိုက်ပျိုးမှု ကုန်ကျစရိတ်နှင့် အထွက်နှုန်း အကျိုးအမြတ် အခြေအနေများကို ကွင်းဆင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)
