
မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်း များသည် မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးသုံးပစ္စည်းအရောင်းဆိုင်များအား စစ်ဆေးခြင်းလုပ်ငန်းကို ၂၀-၁၁-၂၀၂၅ ရက်နေ့ နံနက် ၈ နာရီခွဲ အချိန်က မအူပင်မြို့နယ် စိုက်ပျိုးရေးအရောင်းဆိုင် တာရာလင်း၊ သွန်းသွန်း၊ တံခွန်သစ်၊ လင်းရောင်ခြည်၊ ငွေတိုးပွား ဆိုင်များအား ကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မအူပင်ခရိုင်မှ စစ်ဆေးရေားအရာရှိ ဦးအောင်ဇော်ဦး ဦးစီးအရာရှိနှင့် ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှမျိုးစေ့တာဝန်ခံ၊ သီးနှံကာကွယ်ရေး တာဝန်ခံ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး နှင့် အဖွဲ့က စိုက်ပျိုးရေးသွင်းအားစုများ ဖြန့်ဖြူးရောင်းချရာတွင် သီးနှံအလိုက် မျိုးစေ့အရည် အသွေး မှန်ကန်မှုရှိစေရေး၊ လုပ်ငန်းလိုင်စင်ပါ သတ်မှတ်ချက်များနှင့်အညီ ရောင်းချရေး၊ သက်တမ်းလွန် စိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းများနှင့် အခါအားလျော်စွာ ရောင်းချခွင့် ပိတ်ပင်ထားသော ပစ္စည်းများအား ရောင်းချခြင်းမပြုရန်၊ မှတ်ပုံတင်ထားရှိသော ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးများ ကိုသာရောင်းချရေး၊ စိုက်ပျိုးရေးသုံး ပစ္စည်းများ ရောင်းချရာတွင် ဘေးအန္တရာယ်ကင်းရှင်းသော ပိုးသတ်ဆေး များ ဖြန့်ဖြူးရောင်းချရေး၊ စိုက်ပျိုးရေးသုံး ပစ္စည်းများတွင် ကုန်အညွန်းအမှတ်အသားပြည်စုံစွာ ဖော်ပြပါဝင်သည့် ကုန်စည်ကိုသာ ရောင်းချစေရေး၊ သွင်းအားစု ဈေးကွက်ဈေးနှုန်းအခြေအနေများ၊ ဆောင်းရာသီ သီးနှဲစိုက်ပျိုးရေးအတွက် ဝေးနှုန်းမကြီးမြင့်စေရေး တို့ကို စစ်ဆေးခဲ့ပြီး ပိုးသတ်ဆေးစနစ်တကျ ကိုင်တွယ် အသုံးပြုပုံနှင့် ပိုးသတ်ဆေးဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ၊ စားသုံးသူရေးရာ ဦးစီးဌာန၏ ဥပဒေမှ စီးပွားရေးလုပ်ငန်းရှင်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသား ဆိုင်ရာသိကောင်းစရာများ ကုန်စည်များ အတွက် ထုတ်ပြန်ထားသော ညွှန်ကြားချက် (၂/၂၀၁၉)၊ (၁/၂၀၂၀)၊ (၁/၂၀၂၁)တို့ကို အသေးစိတ် အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
DOCA(ဧရာဝတီ)
