
မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဓနုဖြူမြို့နယ်တာဝန်ခံရုံးမှ ဦးခိုင်လွမ်းမိုးသည် (၂၀.၁၁.၂၀၂၅)ရက်နေ့ မွန်လွဲပိုင်း (၄)နာရီအချိန်တွင် ဓနုဖြူမြို့နယ် ကျုံတနော်ကျေးရွာ၊ သပြုကျေးရွာ၊ အလမျိုးကျေးရွာ၊ ကွင်းမင်းကျေးရွာ ကျေးရွာရှိ ကျေးရွာ အုပ်ချုပ်ရေးမှူးများအား စားအုန်းဆီ လက်ကား၊လက်လီ ရောင်းချမှုနှင့် စပ်လျဉ်း၍ စားသုံးသူပြည်သူများသို့ အိမ်ထောင်စု အလိုက် ဆီဝယ်ယူခွင့်စာအုပ်များဖြင့် ဆီရောင်းချမှု အခြေအနေ၊ သတ်မှတ်ရည်ညွှန်းဈေးထက် ဈေးနှုန်း မြှင့်တင်ရောင်းချမှု မရှိစေရေး တွေ့ဆုံဆွေးနွေးခြင်း ကို ဓနုဖြူမြို့နယ်ဦးစီးမှူးရုံးတွင် ဓနုဖြူဆီကိုယ်စားလှယ် နှင့်အတူ ရှင်းလင်းအသိပေး ဆောင်ရွက်ခဲ့ပါသည်။
ထိုဆွေးနွေးပွဲတွင် မြို့နယ်တာဝန်ခံရုံးမှ ဦးခိုင်လွှမ်းမိုးက စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွား ရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်အနေဖြင့် ခွဲတမ်းရစားသုံးဆီများ ရောင်းချ ရာတွင်ထားရှိရမည့် စာရင်းဇယားများ၊ ရောင်းချမှုမှတ်တမ်းဓါတ်ပုံများ ပြည့်စုံစွာ ထားရှိရန်၊ သတ်မှတ်ရည်ညွှန်းဈေးနှင့်အညီ ရောင်းချမှုရှိစေရေးရှင်းလင်း ဆွေးနွေးခဲ့ပြီး၊ စားသုံးသူ ကိုခွဲခြားမှုမရှိဘဲ ဖြောင့်မတ်မှန်ကန်စွာဆက်ဆံခြင်း၊ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရာတွင် စီးပွားရေး ကျင့်ဝတ်၊ စည်းကမ်း နှင့် အညီ ဆောင် ရွက်ရန်၊ စားအုန်းဆီရောင်းချသော လုပ်ငန်းရှင် အနေဖြင့်ဈေးနှုန်းမြှင့်တင် ရောင်းချမှုမရှိစေရေး၊ ဈေးကွက် အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း များတွေ့ရှိပါက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပါ ပြစ်မှုပြစ်ဒဏ်များအရ အရေးယူဆောင်ရွက်နိုင်သည့် အကြောင်း တို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး ဆီလုပ်ငန်းရှင်ဘက်မှလည်း သိလိုသည်များ မေးမြန်း၍ အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)
