
စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ ဒေါ်ချိုမီဇင်နှင့် ဝန်ထမ်း ၂ဦး တို့သည် ကျောင်းကျန်းမာရေးနှင့်အတူ (၂၁.၁၁.၂၀၂၅)ရက်နေ့ နေ့လယ် (၁၂:၀၀)နာရီအချိန်တွင် ၊ ရွှေဟင်္သာကျွန်း အခြေခံပညာအထက်တန်းကျောင်းခွဲတွင် ရောင်းချနေသော ကျောင်းမုန့်ဈေးတန်းအား ကွင်းဆင်းစစ်ဆေး ခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။
ထိုသို့စစ်ဆေးခဲ့ကြရာတွင် မုန့်မျိုးစုံနှင့်စားသောက်ကုန်ပစ္စည်းများရောင်းချနေသော မုန့်ဈေးတန်း မုန့်ဆိုင် ၆ဆိုင်မှ မုန့်အမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာဖော်ပြပါရှိမှုရှိ/ မရှိ၊ သက်တမ်းလွန်မုန့်များရောင်းချမှုရှိ/ မရှိ၊ ကျောင်းသား/ ကျောင်းသူများ၊ ဆရာ/ ဆရာမများအတွက် ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရသည့် စားသောက်ပစ္စည်းများ ရောင်းချစေရေးတို့ကို ကွင်းဆင်းစစ်ဆေးကြပြီး ကျောင်းမုန့်ဈေးတန်းတွင် ဒေသတွင် ထုတ်လုပ်သော မုန့်များရောင်းချမှု တွေ့ရှိသောကြောင့် အစားအသောက် ထုတ်လုပ်ဖြန့်ဖြူး ရောင်းချသူတွေအနေနဲ့ အစားအသောက်များ မှာယူသုံးစွဲရန် ခွင့်မပြုတဲ့ ဆိုးဆေး တွေကို လုံးဝအသုံးမပြုရန်နှင့် ထုတ်လုပ်သည့် လုပ်ငန်းလိပ်စားနှင့် ဆက်သွယ်ရမည့် ဖုန်းနံပါတ်များ ဖော်ပြပြီးမှသာ ရောင်းချရန်ကို မုန့်ဈေးတန်းဆိုင်ရှင်များကို အသိပညာပေ းပြောကြားခဲ့ပြီး ကျောင်းကျန်းမာရေးအဖွဲ့မှ ကြပ်မတ်ဆောင်ရွက်ရန်တို့ကို မှာကြားခဲ့ကြောင်း သိရှိပါသည်။
DOCA(ဧရာဝတီ)
