
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့ မြန်မာ့စီးပွားရေးဘဏ်တွင် (၂၄.၁၁.၂၀၂၅)ရက်နေ့ နံနက်(၀၈:၀၀)အချိန်မှစ၍ စားသုံးသူရေးရာဦးစီးဌာနမှ မြန်အောင်မြို့နယ် ဦးစီးမှူး ဦးမြင့်အောင်နှင့်ဝန်ထမ်းများ၊ သက်ဆိုင်ရာဌာနဝန်ထမ်းများ၊ မြန်အောင်ခရိုင် ဆီကုန်သည် နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ မြန်အောင်မြို့ မြန်မာ့စီးပွားရေးဘဏ်နှင့် အောင်ဇေယျ အားကစားခန်းမ၌ မြန်အောင်မြို့နယ် အငြိမ်းစားဝန်ထမ်းများအား ဆန်နှင့်စားအုန်းဆီများ သင့်တင့် မျှတသောဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။
ထိုသို့ရောင်းချခဲ့ရာတွင် အငြိမ်းစားဝန်ထမ်းတစ်ဦးလျှင် ဆီ(၅၀)ကျပ်သား (၁)ဗူး လျှင် (ဘူးခွံအပါ) ၃၅၀၀/- ကျပ်ဖြင့် ပိဿာချိန် ၂၂၀၊ ဆင်းသုခဆန်တစ်ပြည်လျှင် ၂၀၀၀/-ကျပ်နှုန်းဖြင့် ဆန်အိတ်(၃)အိတ်အား ရောင်းချခဲ့ပြီး သက်ဆိုင်ဌာန ဆိုင်ရာများမှ ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြကာ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျန်းမာရေးစောင့်ရှောက်မှုများလည်း ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA (ဧရာဝတီ)
