Main menu

ဖျာပုံဒေသထွက် ပေါ်ဆန်းဆန်စပါးများ ပြည်တွင်းဈေးကွက်တွင် နာမည်ရ

Powered by Drupal

  ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်နှင့် ပတ်ဝန်းကျင်ကျေးရွာဒေသများမှ ထွက်ရှိသော ပေါ်ဆန်းဆန်စပါးများသည် ၎င်းတို့၏ အရည်အသွေး၊ အရသာများကြောင့် ပြည်တွင်း ဈေးကွက် တွင် နာမည်ကျော်ကြားလျက်ရှိသည်။ ဖျာပုံဒေသသည် ရေမြေသဘာဝကောင်းမွန်မှုကြောင့် ပေါ်ဆန်းဆန်အထူးထွက်ရှိသည့် ဒေသအဖြစ် ရပ်တည်နေသည်။ ဒေသခံလယ်သမားများက ရှေးအစဉ်အဆက်မှ ယနေ့တိုင် ပေါ်ဆန်းဆန်စပါးကို အထူးပြုစိုက်ပျိုးလာခဲ့ကြသည်။

          လက်ရှိဒေသစပါးဈေးကွက်တွင် ဖျာပုံပေါ်ဆန်းဆန်စပါး ဈေးနှုန်းများမှာ ပေါ်ဆန်းဆန် စပါးအစို (၁)  တင်းလျှင် ၃၀,၀၀၀ ကျပ်မှ ၃၅,၀၀၀ ကျပ်အထိ ၊ ပေါ်ဆန်းဆန်စပါးခြောက် (၁) တင်းလျှင် ၃၆,၀၀၀ ကျပ်မှ ၄၆,၀၀၀ ကျပ်အထိ ပေါ်ဆန်းဆန်ဆန် (၁) တင်းလျှင် ၅၀,၀၀၀ ကျပ်မှ ၆၀,၀၀၀ ကျပ်အထိဖြစ်ပြီး ဖျာပုံပေါ်ဆန်းဆန်များသည် ရန်ကုန်၊ မန္တလေး၊ နေပြည်တော် စသည့် မြို့ကြီးများရှိ အဆင့်မြင့်ဈေးကွက်များတွင် ဝယ်လိုအားကောင်းမွန်လျက်ရှိသည်။ အထူး သဖြင့် လတ်ဆတ်သော ဆန်အဖြစ် ချက်ပြုတ်စားသောက်ရန်နှင့် အထူးဟင်းလျာများအတွက် အသုံးပြု ရန် စားသုံးသူများက ဦးစားပေးရွေးချယ်လေ့ရှိသည်။

          ဖျာပုံမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၅၀ ကျော်တွင် ပေါ်ဆန်းဆန်စပါးကို အဓိက စိုက်ပျိုးလျက်ရှိပြီး တစ်နှစ်လျှင် စပါးတန်ချိန် ထောင်ဂဏန်းအထက် ထုတ်လုပ်နိုင်သည်ဟု ခန့်မှန်းရသည်။ ဒေသခံလယ်သမားများသည် ရာသီဥတုဒဏ်၊ ရေလွှမ်းမိုးမှုဒဏ်များကို ရင်ဆိုင် ရသည့်အခါတွင်လည်း ပေါ်ဆန်းဆန်စပါး၏ အရည်အသွေးကို ထိန်းသိမ်းထားနိုင်ရန် ကြိုးပမ်း လျက်ရှိသည်။ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအနေဖြင့် ဖျာပုံပေါ်ဆန်းဆန်ကို ဒေသ ထွက်ကုန်တစ်ခုအဖြစ် အသိအမှတ်ပြုကာ ဈေးကွက်တိုးချဲ့ခြင်း၊ နည်းပညာပံ့ပိုးခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ ယခုအခါ ဖျာပုံပေါ်ဆန်းဆန်သည် ပြည်တွင်းဈေးကွက်တွင် ကိုယ်ပိုင်အမှတ်တံဆိပ်တစ်ခုအဖြစ် ရပ်တည်နိုင်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းညွန်မှုဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

DOCA(ဧရာဝတီ)