Main menu

မအူပင်မြို့နယ်အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိသော ပန်းငရုတ်ပွသီးများ ရောင်းချလျက်ရှိ

Powered by Drupal

     မအူပင်မြို့ရှိ ဈေးများအတွင်းတွင် ပန်းငရုတ်ပွသီးများ လတ်လတ်ဆတ်ဆတ် ရောင်းချ လျက်ရှိကြောင်း သိရှိရပါသည်။ ပန်းငရုတ်ပွသီး များကို မအူပင်မြို့နယ်အတွင်းရှိ ကျေးရွာများမှ တောင်သူများက မိမိတို့၏ ဥယျာဉ်ခြံမြေများနှင့် ကျေးရွာဘေးပတ်ဝန်းကျင်တွင် သဘာဝ အတိုင်း စိုက်ပျိုးထုတ်လုပ်ကြပြီး ဈေးကွက်သို့ ပို့ဆောင်ရောင်းချလျက်ရှိကြောင်း သိရပါသည်။

          ဤကဲ့သို့ ကျေးရွာအခြေပြု စိုက်ပျိုးထုတ်လုပ်မှုများသည် ဒေသခံတောင်သူများအတွက် မိသားစုဝင်ငွေများစွာ အထောက်အကူပြုလျက်ရှိကြောင်း၊ ထို့အပြင် ဒေသထွက် လတ်ဆတ် သော ဟင်းသီးဟင်းရွက်များကို မြို့သူမြို့သားများအား ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချလျက် ရှိပြီး ပန်းငရုတ်ပွသီး ဈေးနှုန်းများမှာ (၁၀)ကျပ်သားလျှင် (၂,၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင် (၄,၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၇,၅၀၀)ကျပ်နှင့် တစ်ပိဿာလျှင် (၁၅,၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

DOCA(ဧရာဝတီ)