Main menu

ပုသိမ်မြို့မဈေးတွင် ကန်ဇွန်းဥဈေးနှုန်း အနည်းငယ်မြင့်တက်

Powered by Drupal

     ပုသိမ်မြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များတွင် ဟင်းသီးဟင်းရွက် စိုက်ပျိုးရေးကို လုပ်ကိုင်လျက်ရှိရာ ကန်ဇွန်းဥကို တစ်ပိုင်တစ်နိုင် ခြံဝင်းများနှင့် ယာကွက် များတွင် စိုက်ပျိုးကြပြီး ပုသိမ်မြို့မဈေးတွင် လာရောက်ရောင်းချကြောင်း သိရသည်။ ကန်ဇွန်းဥ ကို မီးဖုတ်စားခြင်း ၊ ပြုတ်စားခြင်းနှင့် ကန်ဇွန်းဥပူတင်း စသည်ဖြင့် အမျိုးမျိုးပြုလုပ် စားသုံးကြပါသည်။

      ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ဒုတိယပတ်အတွင်း ပုသိမ်မြို့မဈေးတွင် ရောင်းချနေသော ကန်ဇွန်းဥဈေးနှုန်းမှာ လက်လီ(၁)ပိဿာလျှင် (၄,၅၀၀)ကျပ်၊ လက်ကား(၁)ပိဿာလျှင် (၄,၂၀၀) ကျပ်နှင့် (၂၅)ကျပ်သားလျှင် (၁,၁၅၀)ကျပ် ဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိရာ ယခင် နိုဝင်ဘာ လ ပထမပတ်၏ ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ကန်ဇွန်းဥ(၁)ပိဿာလျှင် (၄၀၀) ကျပ် ဈေးနှုန်း မြင့်တက်လာကြောင်း ဈေးသည်များထံမှ သိရသည်။

   ကန်ဇွန်းဥဈေးဟာ လတ်တလော စားသုံးသူဝယ်လိုအား မြင့်တက်လာတယ်။ ဒါ့အပြင် ဒီလို အလှူပွဲလမ်းသဘင်ပေါများသည့် ရာသီများတွင် ပေါ်ဦးပေါ်ဖျား ကန်ဇွန်းဥပူတင်းများ ပြုလုပ်မှုများကြောင့် ဝယ်ယူမှုပိုများလာတာပါဟု သိရပါသည်။

DOCA(ဧရာဝတီ)