Main menu

နိုဝင်ဘာလ၊ စတုတ္ထပတ်အတွင်း ရောင်းချလျက်ရှိသော ပုဇွန်ထုပ်၊ ငါးချဉ်နှင့် ငါးဖယ်ခြစ်ဈေးနှုန်းများ

Powered by Drupal

         စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့၊ မြို့မဈေးတွင် အသားငါးအမျိုးစုံအပြင် ရေထွက်ကုန်ပစ္စည်းဖြစ်သော ပုစွန်ထုပ်၊ ငါးချဉ်နှင့် ငါးဖယ်ခြစ်များကိုလည်း ရောင်းချလျက်ရှိပါသည်။ ယခုအခါပုဇွန်ထုပ်များကို  မန္တလေးမြို့မှ မှာယူရောင်းချလျက်ရှိပြီး၊ ငါးချဉ်များကို ကသာမြို့မှ မှာယူရောင်းချလျက်ရှိကြောင်း၊ ငါးဖယ်ခြစ်များကို ကန့်ဘလူမြို့နယ်နှင့် ကျွန်းလှမြို့နယ်များမှ ဝင်ရောက်လျက်ရှိကြောင်း သိရပါသည်။  ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ စတုတ္ထပတ်အတွင်းဖြစ်ပေါ်နေသော ပုဇွန်ထုပ်၊ ငါးချဉ်နှင့် ငါးဖယ်ခြစ်ဈေးနှုန်းများမှာ ပုဇွန်ထုပ်()ပိဿာလျှင် (၇၀၀၀၀) ကျပ်၊ (၅၀)ကျပ်သားလျှင် (၃၅၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၁၇၅၀၀)ကျပ်နှင့် ငါးချဉ်() ပိဿာလျှင်(၂၅၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၂၅၀၀)ကျပ်၊(၁၀)ကျပ်သားလျှင် (၂၅၀၀)ကျပ်၊ ငါးဖယ်ခြစ် ()ပိဿာလျှင် (၃၀၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၅၀၀၀)ကျပ်၊ (၁၀)ကျပ်သား လျှင်(၃၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ငါး၊ ပုဇွန်ရောင်းဝယ်ရေးလုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)