
မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပန်းတနော်မြို့နယ် ဦးစီးမှူးမှ ဦးအောင်ကျော်သက် ဝန်ထမ်းများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန တို့နှင့်အတူ ပန်းတနော်၊ တောဆယ် ကျေးရွာ၊ ဒေါဝါးအုပ်စု သို့ ကွင်းဆင်း၍ (၁၉-၁၁-၂၀၂၅)ရက်နေ့ နံနက် (၁၀:၃၀)အချိန်က ဆန်စက်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
စစ်ဆေးရာတွင် ပန်းတနော်မြို့နယ်ဦးစီးမှူးက ဆန်စက်လုပ်ငန်း လည်ပတ်နေမှု လုပ်ငန်းခွင်ကို ကြည်ရှုလေ့လာပြီး၊ ဆန်စက်တွင် စပါးသိုလှောင်မှု တင်း၃၀၀၀ နှင့် ဆန်အိတ်လက်ကျန် ၈၀၀အိတ်ရှိကြောင်း ၊ တစ်နေ့လျှင် ၁၅တန်ကျ ကြိတ်ခွဲနိုင်ကြောင်းနှင့် မနက် ၆နာရီမှ ညနေ ၅နာရီထိ ကြိတ်ခွဲကြောင်း၊ စပါး ၇၅၀တင်းကိုကြိုက်ခွဲပြီး ဆန်အိတ် ၁၅၀ ကြိတ်ခွဲနိုင်ကြောင်း၊ ဆန်စက်တွင် ရေစစ်ကန်ပြုလုပ်ထားရှိမှု ရေဆိုးရေညစ် ထုတ်လုပ်ရာ လမ်းကြောင်း ကောင်းမွန်စွာ စီးဆင်းစေရေးကို ကြည်ရှုစစ်ဆေးခြင်း၊ ပတ်ဝန်ကျင် အနှံဆိုး ထိခိုင်မှုကို လျော့နည်းအောင် ပြုလုပ်ဆောင်ရွက်ရန် လိုအပ်ကြောင်း မှာကြားပြီး MyRo တွင် ဆန်စက်၏ စပါး/ဆန် လက်ကျန်စာရင်းကို လစဉ် လဆန်း ၇ရက်နေ့တွင် ဖြည့်သွင်းနိုင်ရန်အတွက်ကို လုပ်ငန်းရှင်အား အသိပေးပြောကြား စစ်ဆေးခဲ့ကြောင်း သိရသည်။
DOCA (ဧရာဝတီ)
