
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် မအူပင်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မအူပင်မြို့နယ်၊ တလုပ်လပ်အနောက် ရှိ ဦးတင်မြင့်အောင် (၉၁၂) ဆန်စက်အား ထုတ်ကုန်လုံခြုံစိတ်ချရမှုအတွက်ကွင်း ဆင်းလေ့လာ စီစစ်ခြင်းကို (၁၉.၁၁.၂၀၂၅) ရက်နေ့တွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် (၉၁၂) ဆန်စက်ပိုင်ရှင်နှင့်တွေ့ဆုံ၍ ဆန်စက်ကြိတ်ခွဲ ထုတ်လုပ်မှုအဆင့်ဆင့်အကြောင်းနှင့် ထွက်ရှိလာသောဆန်များကို ရန်ကုန်ဈေးကွက်သို့တင်ပို့ခြင်း၊ ဆန်/ စပါးဈေးနှုန်းဈေးကွက်အခြေအနေများ၊ ဆန်စက်မှထွက်ရှိလာသောဆန်များကို ရန်ကုန်ဘုရင့်နောင် ဈေးကွက်မှသည် အရည်အသွေးမြင့်ကုန်စည်အဖြစ် တိုးတက်ထုတ်လုပ်၍ ပြည်ပပို့ကုန်အထိ တိုးမြှင့်ဆောင် ရွက်နိုင်ရန် နည်းလမ်းကောင်းများကိုဆွေးနွေးပြီး ဆန်စက်တွင် စပါးတင်းရေ(၂၅၀၀၀)၊ ဆန် (၁၅၀၀) အိတ်သိုလှောင်ထားရှိကြောင်း၊ တစ်နေ့လျှင် စပါးကြိတ်ခွဲမှု တင်း (၁၀၀၀)နီးပါး ကြိတ်ခွဲကြောင်း၊ စပါးဆန် သိုလှောင် ထားရှိကြောင်းနှင့်လုပ်ငန်းရှင်တို့၏ကုန်စည်အပေါ် အာမခံချက်ပေးနိုင်ခြင်းနှင့် စပ်လျဉ်၍ ဆွေးနွေးခြင်း၊ လုပ်ငန်းရှင်လိုက်နာရမည့်တာဝန်၊ တားမြစ်ချက်များ၊ ပြစ်မှုနှင့် ပြစ်ဒဏ်များအကြောင်းများကို အပြန်အလှန်ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
DOCA (ဧရာဝတီ)
