
စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊လပွတ္တာမြို့နယ်တာဝန်ခံ ဦးမြင့်ဌေးသည် (၁၉.၁၁.၂၀၂၅) ရက်နေ့၊ နံနက် (၁၁:၃၀)နာရီအချိန်တွင် အမှတ်(၅)ရပ်ကွက် ဘုရားလမ်းရှိ မုန့်မျိုးစုံဆိုင်များသို့ ကုန်အညွှန်း အမှတ်အသား ပြည့်စုံမှုရှိ/မရှိ နယ်မြေဈေးကွက်ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် လပွတ္တာမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ ဘုရားလမ်းရှိ မုန့်ဆိုင်များတွင် Thai Fruits သံပုရာပေါင်းဗူးများအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/မရှိ စစ်ဆေးခဲ့ရာ ပြည့်စုံမှုရှိကြောင်းသိရှိရပြီး ရောင်းချနေသော ဆိုင်ပိုင်ရှင်များအား ကုန်ပစ္စည်းများ ရောင်းချရာတွင် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ပြဌာန်းချက်များနှင့်အညီ ဆောင်ရွက်ရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့် ညွှန်ကြားချက်များ၊ အရေးယူဆောင်ရွက်မှုများ၊ ပြစ်မှု ပြစ်ဒါဏ်များအား ရှင်းလင်းဆွေးနွေးခဲ့ပါကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)
