Main menu

ပုသိမ်ခရိုင်၊ ပုသိမ်မြို့ရှိ မုန့်မျိုးစုံ အရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၁၈.၁၁.၂၀၂၅) ရက်နေ့၊ နံနက် (၁၀:၀၀) အချိန်တွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ပုသိမ်မြို့အတွင်းရှိ မုန့်မျိုးစုံအရောင်းဆိုင်များသို့ သွားရောက်၍ အသင့်စားမုန့်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါဝင်မှုရှိ/မရှိ၊ သက်တမ်းလွန် ပေါင်မုန့်၊ ကိတ်မုန့်များ ရောင်းချခြင်းရှိ/မရှိ ရေသန့်ဗူးများ အချိုရည်များအား နေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့စွာ ထားရှိမှု ရှိ/မရှိ တို့အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

(DOCA) ဧရာဝတီ