Main menu

ပုသိမ်ခရိုင်၊ ပုသိမ်မြို့ရှိ ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၁၇.၁၁.၂၀၂၅) ရက်နေ့၊ နံနက် (၁၀:၀၀) အချိန်တွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ပုသိမ်မြို့အတွင်းရှိ ဆေးဆိုင်များသို့ သွားရောက်၍ သက်တမ်းလွန်ဆေးဝါးများရောင်းချမှုရှိ/မရှိ၊ FDA မှ တားမြစ်ထားသော ဆေးဝါးများ ရောင်းချခြင်းရှိ/ မရှိနှင့် ဆေးဈေးနှုန်းများ မြင့်တင်ရောင်းချခြင်းရှိ/မရှိတို့အား ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရှိရပါသည်။

(DOCA) ဧရာဝတီ