
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မန်ကျည်းပင်ဈေးအတွင်း ခါကြက်ဥနှင့် ဂေါ်ဖီထုပ်များ အများအပြား ရောင်းချလျက်ရှိကြပါသည်။ ဈေးကွက်အတွင်းရောင်းချနေသော ခါကြက်ဥနှင့် ပန်းဂေါ်ဖီများကို ရှမ်းပြည်နယ် ကလော၊ ပင်းတယ၊ ပင်လောင်း စသည့်ဒေသများမှ ဝင်ရောက်လာသည့် ခါကြက်ဥနှင့် ဂေါ်ဖီထုပ်များကို အရောင်းအဝယ်ကောင်းနေကြောင်း သိရှိရပါသည်။ ခါကြက်ဥနှင့် ဂေါ်ဖီထုပ်များကို ကြော်၊ လှော်၊ ချက်၊ ပြုတ်ရာတွင် အခြားသောအသားငါး၊ အသီးအရွက်တို့နှင့်ရော၍လည်း စားသုံးနိုင်သည်။
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ စတုတ္ထအပတ်အတွင်း မုံရွာမြို့ မန်ကျည်းပင်ဈေးရှိ ဂေါ်ဖီထုပ်ဈေးနှုန်းမှာ အသေး(၁)ထုပ်လျှင် (၂၀၀၀)ကျပ်နှင့်ဂေါ်ဖီထုပ်အကြီး(၁)ထုပ်လျှင် (၃၀၀၀) ကျပ်၊ ခါကြက်ဥစျေးနှုန်း ခါကြက်ဥ(ဗမာ) (၂၅)ကျပ်သားလျှင် (၂၅၀၀)ကျပ်၊ (၅၀)ကျပ်သား လျှင်(၅၀၀၀)ကျပ်နှင့် (၁)ပိ ဿာလျှင်(၁၀၀၀၀)ကျပ်၊ ခါကြက်ဥ(တရုတ်) (၂၅)ကျပ်သားလျှင် (၆၀၀၀)ကျပ်၊(၅၀)ကျပ်သားလျှင်(၁၂၀၀၀)ကျပ်နှင့် (၁)ပိဿာလျှင် (၂၄၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)
