Main menu

မုံရွာမြို့တွင် ရောင်းချနေသော ကြိတ်ခေါက်ဆွဲ ဈေးနှုန်း

Powered by Drupal

        စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကန်သာယာဈေးတွင်  ကြိတ်ခေါက်ဆွဲလုပ်ငန်းများကို စီးပွားဖြစ်လည်ကောင်း၊ တစ်နိုင်တစ်ပိုင်ဖြစ်လည်ကောင်း လုပ်ကိုင်ကြပါသည်။ ကြိတ်ခေါက်ဆွဲများကို မုံရွာမြို့ပေါ်နှင့်ကျေးရွာများမှ ဝယ်ယူစားသုံးကြကြောင်း၊ ကြိတ်ခေါက်ဆွဲရောင်းချသူများ၊  အလှူပွဲ၊ မွေးနေ့ပွဲနှင့် ဘုရားပွဲများတွင် အသုံးပြုရန်အတွက် ဝယ်ယူကြသဖြင့် အရောင်းအဝယ်သွက်လျက်ရှိကြောင်း သိရပါသည်။

        ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ စတုတ္ထအပတ်အတွင်း ရောင်းချလျက်ရှိသော ကြိတ်ခေါက်ဆွဲ ဈေးနှုန်းများမှာ (၂၅)ကျပ်သား လျှင် (၁၂၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၂၅၀၀)ကျပ်၊ (၁)ပိဿာ လျှင် (၅၀၀၀) ကျပ်နှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကြိတ်ခေါက်ဆွဲ ရောင်းချသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)