Main menu

မုံရွာမြို့တွင် ရောင်းချနေသော ချဉ်ပေါင်ရွက်နှင့် ကန်စွန်းရွက်ဈေးနှုန်း

Powered by Drupal

          စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ မန်ကျည်းပင်ဈေးအတွင်း ချဉ်ပေါင်ရွက်နှင့် ကန်စွန်းရွက်အများအပြား ရောင်းချလျက်ရှိကြပါသည်။ ချဉ်ပေါင်ရွက်နှင့် ကန်စွန်းရွက်ကို ဟင်းသီးဟင်းရွက်အဖြစ် လူသိများကြပြီး မြန်မာပြည်တွင် ဒေသမရွေး စိုက်ပျိုးနိုင်သည်။‌ ချဉ်ပေါင်ရွက်နှင့် ကန်စွန်းရွက်ကို ကြော်၊ လှော်၊ ချက်၊ ပြုတ်ရာတွင် အခြားသော အသားငါး၊ အသီးအရွက်တို့နှင့် ရော၍လည်း စားသုံးနိုင်သည်။

            ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ စတုတ္ထအပတ်အတွင်း မုံရွာမြို့ ကန်သာယာဈေးရှိ  ချဉ်ပေါင်ရွက်ဈေးနှုန်းမှာ (၃၀၀-၅၀၀) ကျပ်၊ ကန်စွန်းရွက် ဈေးနှုန်းမှာ (၃၀၀-၅၀၀) ကျပ်ထိ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)