
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ပေါ်ရှိ ဈေးကြီးများတွင် ပန်းစျေးကွက်အတွင်း ဘုရားပန်းအမျိုးမျိုးဖြစ်သော အိုစကာပန်း၊ ပုလဲဖြူပန်း (ဂန္ဓာမာပန်း)၊ မြနှင်းပုလဲပန်း (ချင်းမိုင်ပန်း)၊ စန်းမားဝါးပန်း၊ လီလီပန်း(မင်္ဂလာပန်း)၊ နှင်းဆီပန်း၊ သစ်ခွပန်းး၊ သပြေပန်း (အောင်သပြေ)၊ ရှမ်းပန်းများနှင့် ဇွန်စိမ်းပန်းတို့ကို ရန်ကုန်မြို့မှ တစ်ပတ်လျှင်နှစ်ကြိမ်ခန့် ကားလမ်း၊ လေယာဥ်လမ်းတို့ဖြင့် ဝယ်ယူရရှိကြောင်း သိရှိရပါသည်။ ရှမ်းပန်းများ အမျိုးမျိုး ဝင်ရောက်မှု အနည်းငယ်လျော့ကျပြီး၊ စျေးအနည်းငယ်တက်သွားကြောင်း သိရှိရပါသည်။
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလနောက်ဆုံးပတ်အတွင်း မြိတ်မြို့ပေါ်တွင် ရောင်းချနေသော ရှမ်းပန်းများကို သုံးခက်လျှင် (၁၀၀၀၀)ကျပ်ခန့်နှင့် သစ်ခွပန်းဈေးနှုန်းမှာ ၁၅ခက်လျှင် (၁၅၀၀၀)ကျပ်ခန့် ထိ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)
