Main menu

ထားဝယ်မြို့ပေါ်ရှိ‌ ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

     ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်နေ့၊ နံနက်(၁၀း၃၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီး ဌာနမှ စစ်ဆေးရေးအရာရှိနှင့်ဝန်ထမ်းများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ထားဝယ်မြို့ပေါ်ရှိ ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါ သည်။

          ကွင်းဆင်းစစ်ဆေးရာတွင် ရောင်းချနေသော ဆေးနှင့်ဆေးပစ္စည်းများအား စျေးနှုန်းများ မှန်ကန်စွာရောင်းချနေမှုရှိ/မရှိ၊ စျေးကွက်အတွင်း ပြတ်လပ်နေသောဆေးဝါးများ ရှိ/မရှိ ၊ စျေးနှုူန်း များ မြင့်တက်နေမှုများ ရှိ/မရှိနှင့် လက်ကျန်အခြေအနေတို့အား စုံစမ်းမေးမြန်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)