
စားတော်ပဲပြုပ်သည် မြန်မာလူမျိုးများ၏ နံနက်စာအတွက် ထင်ရှားစွာအသုံးများသော စားသောက်ကုန်ဖြစ်ကြောင်း၊ ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ၌ မြင်းခြံမြို့၊ အေးမြသီတာဈေးနှင့် ရပ်ကွက်များအတွင်းရှိ ရောင်းချလျက်ရှိသော စားတော်ပဲပြုပ် နိုဆီဗူးတစ်ဗူးလျှင် (၁၀၀၀) ကျပ်ခန့် ပေါက်ဈေးများဖြင့် ရောင်းချလျက်ရှိကြောင်း၊ စားတော်ပဲပြုပ်ကို နံနက်စာအဖြစ် ထမင်းဖြူ၊ မြေပဲဆီ၊ နှမ်းဆီ၊ ငါးပိထောင်း စသည်တို့ဖြင့်စားသုံးကြသလို သရည်စာအဖြစ် လက်ဖက်ရည်၊ ကော်ဖီ၊ အီကြာကွေး၊ ပဲပလာတာတို့ဖြင့်လည်း တွဲဖက်စားသုံးကြကြောင်း၊ စားတော်ပဲမျှစ်ကြော်သည် မြန်မာလူမျိုးများအထူးခုံမင် နှစ်သက်သောဟင်းလျာဖြစ်ကြောင်း၊ နံနက်ခင်းတွင် စားသုံးမှုများသဖြင့် အရောင်းအဝယ်ကောင်းကြောင်း၊ နေ့စဉ်စားတော်ပဲပြုပ် (၅) ပြည်ခန့် ရောင်းချရကြောင်း၊ စီးပွားရေး အဆင်ပြေကြောင်း အရောင်းအဝယ်ဖြစ်လျက်ရှိပြီး၊ စီးပွားရေးအဆင်ပြေကြောင်း စားတော်ပဲပြုပ် ရောင်းချသူ၏ ပြောပြပြချက် အရသိရှိရသည်။
DOCA(မန္တလေး)
