Main menu

ကျွန်းလှမြို့နယ်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသော မတ်ပဲနှင့်ပဲတီစိမ်းသီးနှံဈေးနှုန်း

Powered by Drupal

         စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး၊ စိုက်ပျိုးတောင်သူများသည် မတ်ပဲသီးနှံနှင့် ပဲတီစိမ်းသီးနှံတို့ကိုလည်း စိုက်ပျိုးကြောင်း၊ ထွက်ရှိသည့် မတ်ပဲနှင့် ပဲတီစိမ်းသီးနှံများကို ကန့်ဘလူမြို့ရှိ ပွဲရုံများ၊ မန္တလေးမြို့ရှိ ပွဲရုံများနှင့် ကုန်စည်ဒိုင်များသို့ တင်ပို့ရောင်းချကြောင်း သိရသည်။

      ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ စတုတ္ထပတ်အတွင်း ဈေးနှုန်းများမှာ မတ်ပဲရိုးရိုးတစ်တင်းလျှင် (၇၄၅၀၀)ကျပ်၊ မတ်ပဲမျက်ကွင်းဖြူတစ်တင်းလျှင် (၈၁၀၀၀)ကျပ်၊ နိုဝင်ဘာလ စတုတ္ထပတ်အတွင်း ပဲတီစိမ်းရိုးရိုးတစ်တင်းလျှင် (၇၆၅၀၀)ကျပ်၊ ပဲတီစိမ်းထွက်တိုး တစ်တင်းလျှင် (၈၀၅၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊  ယခုနိုဝင်ဘာလ တတိယပတ်၏ ဈေးနှုန်းများနှင့်နှိုင်းယှဉ် ပါက စတုတ္ထပတ်အတွင်း မတ်ပဲနှင့် ပဲတီစိမ်းဈေးနှုန်းများ ကျဆင်းလျက်ရှိကြောင်း၊ ဒေသတွင်းပွဲရုံ လုပ်ငန်းရှင်များထံမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)