Main menu

ထောပတ်သီးများကို အနှစ်အဖြစ်ထုတ်ပိုး၍ ထုတ်လုပ်ရောင်းချနေ

Powered by Drupal

     မြိတ်ခရိုင်တွင် ဒေသထွက်ကုန်အသီးများအပြင် အခြား/ပြည်နယ်တိုင်းများတင်သွင်း လျက်ရှိအသီးအနှံများလည်းရှိသည်။ အသီးအနှံများထဲမှ ထောပတ်သီးသည်လူကြိုက်များပြီး စျေးကောင်းရလျက်ရှိသည်။ အဓိကအားဖြင့် ဖျော်ရည်အဖြစ်သောက်သုံးကြပြီး အသီးအသား များကို လည်းစားကြသည်။ ထောပတ်သီးသည် ရှမ်းပြည်နယ်မှ ထွက်ရှိပြီး ၎င်းတိုကို အနှစ် အဖြစ် ထုတ်ပိုး၍ ပြန်လည်ရောင်းချလျက်ရှိပါသည်။ အသီးအမှည့်ဖြစ်ပြီသားများကို တင်ပို့ ပါက အသီးဆုံးရှုံးမှုမရှိစေရန်နှင့် အလေအလွင့်မဖြစ်စေရန် အသင့်သုံးရန်အဖြစ် ထောပတ် သီး အနှစ်ကို ထုတ်လုပ်ကြပြီး အအေးခန်းကားများနှင့် ရေခဲများဖြင့် တင်ပို့ရောင်းချကြလေ့ရှိ ပါသည်။ မြိတ်မြို့တွင် Hass ထောပတ်သီးတစ်လုံးလျှင် ၂၀၀၀ကျပ်ခန့်ဖြင့် ရောင်းချလျက် ရှိပြီး ရိုးရိုးထောပတ်သီး တစ်လုံးလျှင် ၂၅၀၀ကျပ်ဖြင့်လည်းကောင်း၊ ၆လုံး ၇လုံးပါ Hass ထောပတ်သီးတစ်ကီလိုလျှင် ၇၅၀၀ကျပ်ဖြင့်လည်းကောင်း၊ ရိုးရိုးထောပတ်သီးတစ်ကီလို လျှင် ၈၀၀၀ကျပ်ဖြင့်လည်းကောင်းရောင်းချလျက်ရှိပြီး ဗူးများဖြင့် ထုတ်ပိုး၍ အနစ်ဖြင့်ပြု လုပ်၍ ရောင်းချလျက်ရှိသော ထောပတ်သီး အနှစ် ၁လီတာကို ၆၀၀၀ကျပ်ဖြင့် လည်း ကောင်းရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ထုတ်ပိုးထားသော ထောပတ်သီးအနှစ် သည် အသင့်ဖျော်သောက်သုံးရန်အတွက် ဖျော်ရည်ဆိုင်များမှ အများဆုံးမှာယူလျက်ရှိကြ ကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)