
သင်္ဘောအဖိုအပွင့်သည် ကင်ဆာအမျိုးမျိုး ပျောက်ကင်းစေခြင်း၊ သွေးလွန်တုတ်ကွေးကို သက်သာစေခြင်း၊ ဝမ်းမီးတောက်ပြီး အစာကို ကြေညက်စေခြင်း၊ နားအူနားကိုက်နားလေထွက် နားလေးတို့အတွက် အထူးကောင်းမွန်ကြောင်းသိရှိရသည်။သင်္ဘောအဖူးအပွင့်ကို ရေနွေးဖျော၍ မြေပဲဆံထောင်း၊ပဲမှုန့်အကျက်၊ ကြက်သွန်နီ ဆီချက်တို့ ဖြင့် အသုပ် သုပ်စားလျှင် စား၍ကောင်းပြီး ဆေးဖက်လည်းဝင်ကြောင်း သိရှိရသည်။ မြင်းခြံမြို့ အေးမြသီတာဈေးတွင် ရောင်းချနေသော သင်္ဘောအဖူးအပွင့်မှာ ရံဖန်ရံခါသာ ဈေးကွက်အတွင်းရှိသောကြောင့် ဈေးနှုန်းမှာ (၂၅)ကျပ်သား လျှင် (၂၅၀၀)ကျပ် ဖြင့် အရောင်းအဝယ်ဖြစ်ကြောင်းသိရသည်။
DOCA(မန္တလေး)
