
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး၊ ကျွန်းလှမြို့နယ် ကျီကုန်းကျေးရွာ၊ စံပြကျေးရွာနှင့် အခြားသောကျေးရွာများတွင် ပဲမျိုးစုံစိုက်ပျိုးကြောင်း သိရှိရသည်။
၂၀၂၅ ခုနှစ် နိုဝင်ဘာလ စတုတ္ထပတ်အတွင်း ပဲနီ(၁)တင်းလျှင် (၈၃၀၀၀)ကျပ်၊ အကွဲအနာပါ (၁)တင်းလျှင် (၈၂၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခုနိုဝင်ဘာလ စတုတ္ထပတ်အတွင်း ထောပတ်ပဲတစ်တင်းလျှင် (၁၃၁၀၀၀)ကျပ်၊ အကွဲအနာပါ(၁)တင်းလျှင် (၁၃၅၀၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခုပတ်အတွင်း ထောပတ်ပဲသီးနှံဈေးနှုန်း အနည်းငယ်ကျဆင်းကြောင်း၊ စွန်တာနီ(၁)တင်းလျှင် (၅၀၀)ကျပ်မြင့်တက်လာကြောင်း၊ ပဲနီနှင့်ထောပတ်ပဲများကို ရွှေဘိုမြို့နှင့် မန္တလေးမြို့ရှိပွဲရုံများသို့ တင်ပို့ရောင်းချကြောင်း၊ သီးနှံရောင်းဝယ်ရေးလုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)
