
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးရုံး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲမှ ဒေါ်ခင်သူဇာ၊ ဒု-ဦးစီးမှူးသည် ၂၄-၁၁-၂၀၂၅ ရက်နေ့ နေလည်(၂း၀၀) နာရီအချိန်တွင် “ငြိမ့်” အမှတ်တံဆိပ်ဖြင့်ထုတ်လုပ်ရောင်းချသော စားသောက်ကုန် လုပ်ငန်းရှင်အား စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးရှိ ထုတ်ကုန်လုံခြုံစိတ်ချရမှု ဌာနခွဲရုံးခန်း အတွင်း၌ အသိပညာပေးဆွေးနွေးခဲ့ပါသည်။
ထိုသို့ အသိပညာပေး ဆွေးနွေးဆောင်ရွက်ရာတွင် လုပ်ငန်းရှင်အား စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊တားမြစ်ချက်များနှင့်အခန်း(၁၈)ပါကုန်ပစ္စည်းထုပ်ပိုးမှုပေါ်တွင်ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာအချက်အလက်များနှင့် မြန်မာ နိုင်ငံ စားသုံးသူကာကွယ်ရေး ကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါအချက်အလက်များအား အကျယ်တဝင့် ရှင်းလင်း ပြောကြားခဲ့ပြီး ဥပဒေပါပြဋ္ဌာန်းချက်များကိုလည်းသိရှိလိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်းအသိပညာပေးဆွေးနွေးခဲ့ကြောင်းသတင်းရရှိပါသည်။ DOCA(မန္တလေး)
