Main menu

နတ်တော်လဆန်းရှိ မန္တလေးသခွားသီးဈေးကွက်

Powered by Drupal

                သခွားသီးကို မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တောင်ပိုင်း ဒေသများမှ နတ်တော်လဆန်းတွင် ဝင်ရောက်မှုများပြားပြီး၊ အရောင်းသွက်လျက်ရှိကြောင်း သိရှိရ ပါသည်။ သခွားသီးမှာ အသားအရေကိုအေးမြစေပြီး၊ ဘတ်တီးရီးယားပိုးမွှားများ ကိုသေစေနိုင်ခြင်း၊ ဝက်ခြံနှင့် အဖုအပိမ့် များ၊ချွေးပေါက်ကျယ်ခြင်းများကို သက်သာစေခြင်း၊နေလောင်ဒဏ်ကာကွယ် ပေးခြင်းတို့ကြောင့် အလှအပထိန်းသိမ်းသည့်နေရာတွင် အသုံးများသည့် ကျန်းမာရေးအဟာရအစား အစာတစ်မျိုးဖြစ်ကြောင်း သိရှိရပါသည်။ မန္တလေးမြို့၊ ၄၁လမ်း၊ ကမ်းနားလမ်း၊ ကုန်စိမ်းဈေးတွင် ၂၀၂၅ ခုနှစ်နိုဝင်ဘာလနောက်ဆုံးပတ်တွင် သခွားသီးစက်တွန့်မျိုးအလုံးကြီး လက္ကားစျေး(၁၀) လုံးလျှင် ၆၀၀ဝိ/-နှင့်၇၀၀ဝိ/-၊လက်လီစျေး(၁၀)လုံးလျှင် ၇၅၀ဝိ/-နှင့် ၈၀၀ဝိ/-စျေး၊ သခွားသီးအခွံစိမ်းမျိုး အလုံးလှ လက္ကားစျေး(၁၀)လုံးလှျင် ၂၀၀ဝိ/-နှင့်၂၅၀ဝိ/-၊လက်လီစျေး(၁၀)လုံးလျှင် ၃၀၀ဝိ/-နှင့် ၃၅၀ဝိ/-စျေး ဖြစ်ပေါ်လျှက်ရှိပြီး၊ အသီးဝင်ရောက်မှုအပေါ် မူတည်ပြီး ဈေးနှုန်းပြောင်းလဲမှုရှိကြောင်းသိရှိကြောင်း ကုန်စိမ်းရောင်းချသူတစ်ဦး ၏ပြောပြချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)