Main menu

  နိုဝင်ဘာလနောက်ဆုံးပတ်တွင် ခရမ်းချဉ်သီးစျေးအနည်းငယ်မြင့်တက်

Powered by Drupal

                    နတ်တော်လရာသီအခါသမယတွင် မန္တလေးစျေးကွက်သို့ ခရမ်းချဉ်သီးဝင်ရောက်မှု အပေါ်မူ အနည်းငယ်လျော့ကျပြီး၊ စျေးနှုန်းအနည်းငယ်မြင့်တက်လျက်ရှိကြောင်းသိရှိရပါသည်။ မန္တလေးစျေး ချို၊ ကိုင်းတန်းစျေး ရှိခရမ်းချဉ် သီးပွဲရုံများ၊သီရိမာလာစျေး (ပိုက်ကျုံးစျေး) နှင့် ၄၁လမ်း၊ ကမ်းနား လမ်းရှိ ကုန်စိမ်း လက္ကားစျေးတို့ တွင် ခရမ်းချဉ်သီးအားခေါင်သီးနှင့်အလတ်စသီးဟူ၍ အမျိုးအစား ခွဲခြား ရောင်းချလျှက်ရှိပါသည်။ ၂၀၂၅ ခုနှစ်နိုဝင်ဘာလနောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်လျှက်ရှိသော ခရမ်းချဉ်သီးလက္ကားစျေးအနေဖြင့် အင်းသီးတစ်သေတ္တာ(၂၀ ပိဿာပါ)လျှင် ၅၀၀၀၀ကျပ် နှင့်၆၀၀၀၀ကျပ်၊ လက်လီစျေး အနေဖြင့် ခရမ်းချဉ်သီး ဘောလုံးသီးနှင့်  အင်းသီး တစ်ပိဿာလျှင်    ၃၀၀၀ ကျပ်နှင့် ၄၀၀၀ ကျပ် တို့ဖြင့်ရောင်းချလျက်ရှိပြီး၊ နိုဝင်ဘာလတတိယပတ်စျေးနှင့် နှိုင်းယှဉ်ပါက တစ်ပိသာလျှင် ၂၀၀ ကျပ်နှင့် ၅၀၀ ကျပ်အကြားကွာခြားမှုရှိပြီး၊   စျေးအနည်းငယ်မြင့်တက် သွားကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)