Main menu

တနင်္သာရီတိုင်း၊မြိတ်မြို့ပေါ်ရှိ သစ်သီးဝလံဈေးနှုန်း

Powered by Drupal

    တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ပေါ်ရှိ စည်ပင်သာယာဈေးကြီးများနှင့် လမ်းဘေးသစ် သီးဆိုင်များတွင် ရောင်းချနေသောသစ်သီးဝလံဈေးနှုန်းများရောင်းချလျက်ရှိကြောင်း သိရှိရပါ သည်။

    ယခု၂၀၂၅ခုနှစ်နိုဝင်ဘာလနောက်ဆုံးပတ်တွင် ဖြစ်ပေါ်နေသော သစ်သီးဈေးနှုန်းများမှာ စပျစ်သီးအစေ့လွတ်တစ်ကီလိုလျှင် (၁၇၀၀၀)ကျပ်၊ ပန်းသီး အကြီးတစ်လုံးလျှင် (၂၀၀၀)ကျပ် နှင့်ပန်းသီးအငယ်တစ်လုံးလျှင် (၁၃၀၀)ကျပ်၊ ပျားလိမ္မော်တစ်ကီလိုလျှင် (၁၁၀၀၀)ကျပ်၊ ရင်ဂန်း ချိုသီးတစ်ကီလိုလျှင် (၁၁၀၀၀)ကျပ်၊ မက်မန်းသီးတစ်လုံးလျှင် (၁၁၀၀၀)ကျပ်၊  စိမ်းချိုသရက်သီး တစ်ကီလိုလျှင် (၉၀၀၀)ကျပ်၊ သလဲသီးတစ်လုံးလျှင် (၃၅၀၀)ကျပ်၊ နဂါးမောက်သီးတစ်လုံးလျှင် (၄၀၀၀)ကျပ်၊ ပန်းသစ်တော်သီးတစ်လုံးလျှင်(၂၅၀၀)ကျပ်မှ(၃၀၀၀)ကျပ်၊ ဖရဲသီးအငယ် တစ်လုံး လျှင် (၃၅၀၀)ကျပ်မှ(၄၀၀၀)ကျပ်၊ မာလကာသီးတစ်ကီလိုလျှင် (၆၅၀၀)ကျပ်၊ ယိုးဒယားယာကွန် ဥတစ်ကီလိုလျှင် (၁၀၀၀၀)ကျပ်နှင့် ဌက်ပျောသီး(ဖီးကြမ်း)တစ်ဖီးလျှင် (၅၅၀၀)ကျပ်ဖြင့် အသီးသီး ရောင်းချနေကြောင်း မြိတ်မြို့သစ်သီးဆိုင်များထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)