Main menu

နတ်တော်လဆန်းရှိ မန္တလေးရွှေဖရုံသီးစျေးကွက်

Powered by Drupal

              မန္တလေးစျေးကွက်သို့ မန္တလေးတိုင်းဒေသကြီးရှိ အမရပူရခရိုင်၊ပြင်ဦးလွင်ခရိုင်၊ကျောက်ဆည် ခရိုင်နှင့်မိတ္တီလာခရိုင်တို့မှထွက်သည့်အသီးများ၊စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့ မှ ထွက် သည့်ရွှေဖရုံသီးများ နတ်တော်လဆန်းအတွင်း ဝင်ရောက်မှုများပြားလျက်ရှိပြီး၊အရောင်းသွက် လျက် ရှိကြောင်း  သိရှိရပါသည်။ ၂၀၂၅ ခုနှစ်နိုဝင်ဘာလနောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်သည့်စျေးနှုန်း များမှာ ရွှေဖရုံသီး ၁ လုံး လျှင် အလုံး(ကြီး) ၈၅၀၀ကျပ်နှင့် ၉၀၀၀ကျပ်၊ အလုံး(လတ်)  ၆၅၀၀ ကျပ် နှင့် ၇၀၀၀ ကျပ်၊ အလုံး (သေး) ၁၅၀၀ကျပ်နှင့်၂၀၀၀ ကျပ်စျေးတို့ ဖြင့် ရောင်းချပြီး၊ အလုံးအရွယ် အစားအပေါ်မူတည်၍ စျေးကွာခြားမှုရှိကြောင်း  သိရှိရပါသည်။ ရွှေဖရုံသီးမှာ မန္တလေးစျေးကွက်သို့ ဝင်ရောက်မှုများပြားလျက် ရှိပြီး၊နတ်တော်လအခါသမဘုရားပွဲနှင့်အလှူပွဲရာသီချိန်ဖြစ်၍အချိုပွဲများတွင်သုံးစွဲမှုများသည့်ကုန်စိမ်းအမယ်တစ်မျိုးဖြစ် ကြောင်း  သိရှိရပါသည်။

DOCA(မန္တလေး)