Main menu

“Lwin Maung Maung”  ကုမ္ပဏီ၏ လက်လီကိုယ်စာလှယ်ဦးခင်ဇော်မှ ကွန်ပျူတာတက္ကသိုလ်၌ စားအုန်းဆီ ရောင်းချနေမှုအား သထုံမြို့နယ်တာဝန်ခံ သွားရောက်စစ်ဆေးခြင်း

Powered by Drupal

    ၂၅.၁၁.၂၀၂၅ ရက်နေ့ နံနက် (၀၈း၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ သထုံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ မြို့နယ်တာဝန်ခံ ဦးထိန်လင်းထွန်းနှင့် ဝန်ထမ်းများသည် “Lwin Maung Maung  ကုမ္ပဏီ၏ လက်လီကိုယ်စားလှယ် ဦးခင်ဇော်မှ သထုံမြို့နယ်၊ ဂေါ့ကျေးရွာ၊ ကွန်ပျူတာတက္ကသိုလ်၌  စားအုန်းဆီရောင်းချနေမှုအား စစ်ဆေးခဲ့ပါသည်။

          ထိုသို့ စစ်ဆေးရာတွင် လက်လီကိုယ်စားလှယ် ဦးခင်ဇော်မှ စားအုန်းဆီရောင်းချရာ၌ သတ်မှတ်စျေးနှုန်း ရောင်းချခြင်း ရှိ/မရှိ၊ အလေးချိန်၊ အရည်အသွေးပြည့်ဝမှန်ကန်စွာ ရောင်းချခြင်းရှိ/မရှိနှင့် သတ်မှတ်ဗီနိုင်း ချိတ်ဆွဲရောင်းချခြင်း ရှိ/မရှိတို့အား ကွင်းဆင်း စစ်ဆေးခဲ့ပြီး စားအုန်းဆီတစ်ပိဿာလျှင် (၇၀၂၈) ကျပ်နှုန်းဖြင့် ပိဿာ (၂၂၀)အား ရောင်းချခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)