
၂၅.၁၁.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ် တာဝန်ခံ ဦးအောင်ညီညီခန့်နှင့် ဝန်ထမ်းများသည် သက်ဆိုင်ရာ မိတ်ဖက်ဌာနများ၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲ ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် မော်လမြိုင်မြို့နယ် အတွင်းရှိ အထက်လမ်းမကြီး လမ်းဘေးဝဲယာရှိ အလှကုန်ဆိုင်များတွင် ရောင်းချလျှက်ရှိသော ဆံပင်ပြုပြင်ရန် သုံးစွဲပစ္စည်းအမျိုးမျိုးအား စားသုံးသူကာကွယ်ရေး ဥပဒေပြဋ္ဌာန်းအတိုင်း ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်ခြင်း ရှိ/မရှိ ကွင်းဆင်း စစ်ဆေး ခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မော်လမြိုင်မြို့နယ်အတွင်းရှိ အထက်လမ်းမကြီး လမ်းဘေးဝဲယာရှိ အလှကုန်ဆိုင်များတွင် ရောင်းချသော ဆံပင်ပြုပြင်ရန် သုံးစွဲပစ္စည်း အမျိုးမျိုးမှာ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်ခြင်းရှိကြောင်း သိရှိရပါသည်။
DOCA (မွန်)
