Main menu

 မန္တလေးကျွဲကောသီးစျေးအနည်းငယ်မြင့်တက်

Powered by Drupal

                     မန္တလေးစျေးကွက်သို့  မန္တလေးတိုင်းဒေသကြီး ၊ စစ်ကိုင်းတိုင်းဒေသကြီး ၊ရှမ်းပြည်နယ်နှင့် မွန်ပြည်နယ်တို့ မှ ထွက်သည့်ကျွဲကောသီးများဝင်ရောက်မှုအနည်းငယ်လျော့ကျပြီး၊ စျေးအနည်း ငယ်မြင့် တက်ကာအရောင်းသွက်လျက် ရှိကြောင်း သိရှိရပါသည်။  ၂၀၂၅ ခုနှစ်နိုဝင်ဘာလနောက် ဆုံးပတ်အတွင်း ဖြစ်ပေါ်သည့်စျေးနှုန်း များမှာ ကျွဲကောသီး ၁ လုံးလျှင်အလုံး(ကြီး) ၅၅၀၀ ကျပ်နှင့် ၇၀၀၀ကျပ်၊အလုံး(လတ်)  ၄၀၀၀ ကျပ် နှင့် ၄၅၀၀ ကျပ်၊ အလုံး(သေး) ၃၀၀၀ ကျပ်နှင့် ၃၅၀၀ ကျပ်စျေးတို့ဖြင့် အလုံးအရွယ်အစား အပေါ် မူတည်၍ စျေးကွာခြားမှုရှိကြောင်း   သိရှိရပါ သည်။ မန္တလေးစျေးကွက်အတွင်း မော်လမြိုင်ဒေသ ထွက်ကျွဲကောသီးမှာ အလုံးကြီး၍လှပခြင်း၊  အရည်ရွမ်းခြင်း၊ အတွင်းသားအရသာမှာ အချဉ်ဓါတ်နည်းသည့်အတွက်  လူကြိုက်များကြောင်း မြင်းတန်းစျေးရှိ သစ်သီးဆိုင်ရှင်တစ်ဦး၏ပြောပြချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)