
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့မဈေးအတွင်း၌မာလကာသီးများကို မန္တလေးတိုင်း ဒေသကြီး၊ ကျောက်ပန်းတောင်း၊ ပုပ္ပါးနယ်ဘက်မှ မှာယူရောင်းချကြကြောင်း သိရသည်။
၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ(တတိယပတ်)တွင် ရောင်းချနေသော မာလကာသီး ဈေးနှုန်းများမှာ အသီး၏ အရည်အသွေးပေါ်မူတည်၍ တစ်ပိဿာလျှင် အမြင့်ဈေး ကျပ်(၆၀၀၀)၊ အလတ်ဈေး ကျပ်(၅၀၀၀)၊ အနိမ့်ဈေး ကျပ်(၄၀၀၀) ဈေးနှုန်းဖြင့် ရောင်းချပြီး ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက တစ်ပိဿာလျှင် ကျပ်(၂၀၀၀)ခန့် မြင့်တက်လာကြောင်း၊ ယခုအချိန်သည် စားသုံးမှုပိုမိုများပြားနေ၍ ရောင်းရသလောက် လုံလောက်စွာ မှာယူ၍ မရကြောင်း သစ်သီးရောင်းချသူထံမှ သိရှိရပါသည်။
DOCA(မကွေး)
